
Dead USB Flashing Symbian Os (Symbian Firmware တင်နည်း)
Dead USB Flashing Symbian Os က Symbian Os တွေအတွက် Flashing လုပ်တာပါ။
ကျွန်တော် Flashing မလုပ်ခင် Flashing အကြောင်းအရင်ဆုံး ပြောပြပါမယ်။
Flashing ဆိုတာက တကယ်တမ်းကျတော့ Phone တစ်ခုလုံးကို အသစ်ပြန်လုပ်လိုက်တဲသဘောပါ
Computer နဲ.နှိုင်းစရာက Windows Os ကို Format ရိုက်ပြီး Windows Os ပြန်တင်တဲသဘောပါ
ဥပမာ ကိုယ်အရင် Windows 7 ကို Format ရိုက်ပြီး Windows 8 တင်တဲသဘောပါ။
အခုက Symbian^3 ဖြစ်ဖြစ် anna ဖြစ်ဖြစ် Format ရိုက်ပြီး Symbian Belle ကိုတင်ပြတာပါ။
ဒီလောက်ဆိုရင် Symbian ရဲ. Flashing ကိုနားလည်လောက်ပြီထင်ပါတယ်။
Flashing လုပ်ရင် အရင်ဆုံးသတိထားရမှာက Phone ကို Backup လုပ်ဖို.ပဲ
Memory Card ထဲကို Backup ဖိုင်.ထည်.ရပါမယ်။